(၆၅) နှစ်မြောက်အာဇာနည်နေ့ 
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွကျဆုံးခဲ့ သောခေါင်းဆောင်များကိုအလေးပြုပါသည်။
Tuesday, 17 July 2012
Saturday, 31 March 2012
အမေစုကော့မှုးသို့ ထွက်ခွာ
ကြားဖြတ်ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့်အမေစုသည်
ယနေ့ ညနေ၄နာရီတွင်နေအိမ်မှစတင်ထွက်ခွာသည်ဟုသိရပါသည်။
တနင်္ဂနွေနေ့ မနက်ပိုင်းတွင်စတင်ပြုလုပ်မည့်ရွေးကောက်ပွဲအတွက်
ကော့မှုးမြို့ နယ်ဝါးသိင်္ခရွာကျေးရွာတွင်အမေစုယနေ့ ညအိပ်နားခိုမည်။
အမေစုဘေးကင်းအောင်မြင်ပါစေ။တရားမျှတသောရွေးကောက်ပွဲဖြစ်ပါ
စေ။အောင်မြင်ပါစေအမေရေ......
Friday, 30 March 2012
ကြားဖြတ်ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူ ၆ သန်းကျော်ရှိ
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူ၆ သန်းကျော် ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၈ ရက်နေ့က အတည်ပြုထုတ်ပြန်သည်။
အဆိုပါက်စ္စနှင့်ပတ်သက်၍ ရွေးကောက်ပွဲ ကော်မရှင်က မတ်လ ၂၈ ရက်နေ့ မနက်ပိုင်းက နေပြည်တော် သတင်းစာ ရှင်းလင်းပွဲတွင် ကော်မရှင်ဥက္ကဋ္ဌက တက်ရောက်ခဲ့သည့်မီဒီယာသမားများ၏ မေးမြန်းချက်များအား ဖြေကြားခဲ့ခြင်းဖြစ်သည်။
သတင်းစာ ရှင်းလင်းပွဲ ထုတ်ပြန်ထားချက် အရ ကြားဖြတ် ရွေးကောက်ပွဲမှာ လွှတ်တော် ကိုယ်စားလှယ် လစ်လပ် နေရာ ၄၈ နေရာ အတွက် မဲပေးခွင့်ရှိသူ စုစုပေါင်း ၆ သန်း ၄ သိန်းကျော် ရှိသည်။
လစ်လပ်မဲဆန္ဒနယ်များမှာ ပြည်သူ့ လွှတ်တော် ၄၀ နေရာ၊ အမျိုးသား လွှတ်တော် ၆ နေရာနဲ့ တိုင်းဒေသကြီး လွတ်တော် ၂ နေရာတို့ ဖြစ်သည်။
ပြည်သူ့ လွှတ်တော် လစ်လပ်နေရာ အတွက် ခရိုင် ၂၇ ခရိုင်၊ မြို့နယ် ၃၇ မြို့နယ်မှာ ရွေးကောက်ပွဲတွေ ကျင်းပမှာ ဖြစ်ရာ နိုင်ငံရေး ပါတီ ၁၅ ပါတီမှ ကိုယ်စားလှယ် ၁၂၉ ဦး ပါဝင် အရွေးခံကြမှာ ဖြစ်ပါသည်။
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေ အတွက် မဲပေးခွင့်ရှိသူ ၄၆၈၂၀၄၀ ဦး၊ မဲရုံ ၆၀၈၃ ရုံ၊ မဲရုံအဖွဲ့ဝင် ၅၁၀၇၉ ဦးနဲ့ ကျင်းပသွားမှာ ဖြစ်တယ်လိုသိရှိရသည်။
အမျိုးသား လွှတ်တော် လစ်လပ်နေရာအတွက် ခရိုင် ၇ ခရိုင်၊ မြို့နယ် ၁၈ မြို့နယ်တွင် ကျင်းပမည် ဖြစ်ပြီး နိုင်ငံရေး ပါတီ ၉ ပါတီက ကိုယ်စားလှယ် ၂၂ ဦးက ၀င်ရောက် အရွေးခံကြမည်ဖြစ်ပြီး အမျိုးသား လွှတ်တော် အတွက် မဲပေးခွင့် ရှိသူ ၁၆၆၉၁၉၂ ဦး၊ မဲရုံ ၂၁၀၃ ရုံနှင့် မဲရုံအဖွဲ့ဝင် ၂၀၂၉၀ ဦးဖြင့် ကျင်းပသွားမည်ဖြစ်သည်။
တိုင်းဒေသကြီး လွှတ်တော် လစ်လပ် နေရာ အတွက် ခရိုင်၂ ခု၊ မြို့နယ် နှစ်မြို့နယ်တွင် ကျင်းပမည် ဖြစ်ပြီး နိုင်ငံရေး ပါတီ ၃ ပါတီက ကိုယ်စားလှယ် ၆ ဦး ၀င်ရောက် အရွေးခံကြမည်ဖြစ်သည်။။
တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ အတွက် မဲပေးခွင့်ရှိသူ ၁၃၃၃၃၀ ဦး၊ မဲရုံ ၁၃၈ ရုံ၊ မဲရုံအဖွဲ့ဝင် ၁၁၄၀ ဦးနဲ့ ကျင်းပသွားမည် ဖြစ်ကြောင့်း  ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်များအရသိရသည်။
အဆိုပါ လွှတ်တော် ကိုယ်စားလှယ် လစ်လပ် နေရာ ၄၈ နေရာတွင် ပါဝင်သည့် ကချင် ပြည်နယ်ရှိ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် ၃ နေရာဖြစ်တဲ့ ဖားကန့်၊ ဗန်းမော်နဲ့ မိုးကောင်း ဒေသများတွင် လုံခြုံရေး အခြေအနေ အရ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပရန် အခြေအနေ မရှိသဖြင့် ကြားဖြတ် ရွေးကောက် ပွဲများကို ရွှေ့ဆိုင်းထားသည်။
ဥာဏ်ဥာဏ်(မြစ်မခ)
အဆိုပါက်စ္စနှင့်ပတ်သက်၍ ရွေးကောက်ပွဲ ကော်မရှင်က မတ်လ ၂၈ ရက်နေ့ မနက်ပိုင်းက နေပြည်တော် သတင်းစာ ရှင်းလင်းပွဲတွင် ကော်မရှင်ဥက္ကဋ္ဌက တက်ရောက်ခဲ့သည့်မီဒီယာသမားများ၏ မေးမြန်းချက်များအား ဖြေကြားခဲ့ခြင်းဖြစ်သည်။
သတင်းစာ ရှင်းလင်းပွဲ ထုတ်ပြန်ထားချက် အရ ကြားဖြတ် ရွေးကောက်ပွဲမှာ လွှတ်တော် ကိုယ်စားလှယ် လစ်လပ် နေရာ ၄၈ နေရာ အတွက် မဲပေးခွင့်ရှိသူ စုစုပေါင်း ၆ သန်း ၄ သိန်းကျော် ရှိသည်။
လစ်လပ်မဲဆန္ဒနယ်များမှာ ပြည်သူ့ လွှတ်တော် ၄၀ နေရာ၊ အမျိုးသား လွှတ်တော် ၆ နေရာနဲ့ တိုင်းဒေသကြီး လွတ်တော် ၂ နေရာတို့ ဖြစ်သည်။
ပြည်သူ့ လွှတ်တော် လစ်လပ်နေရာ အတွက် ခရိုင် ၂၇ ခရိုင်၊ မြို့နယ် ၃၇ မြို့နယ်မှာ ရွေးကောက်ပွဲတွေ ကျင်းပမှာ ဖြစ်ရာ နိုင်ငံရေး ပါတီ ၁၅ ပါတီမှ ကိုယ်စားလှယ် ၁၂၉ ဦး ပါဝင် အရွေးခံကြမှာ ဖြစ်ပါသည်။
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေ အတွက် မဲပေးခွင့်ရှိသူ ၄၆၈၂၀၄၀ ဦး၊ မဲရုံ ၆၀၈၃ ရုံ၊ မဲရုံအဖွဲ့ဝင် ၅၁၀၇၉ ဦးနဲ့ ကျင်းပသွားမှာ ဖြစ်တယ်လိုသိရှိရသည်။
အမျိုးသား လွှတ်တော် လစ်လပ်နေရာအတွက် ခရိုင် ၇ ခရိုင်၊ မြို့နယ် ၁၈ မြို့နယ်တွင် ကျင်းပမည် ဖြစ်ပြီး နိုင်ငံရေး ပါတီ ၉ ပါတီက ကိုယ်စားလှယ် ၂၂ ဦးက ၀င်ရောက် အရွေးခံကြမည်ဖြစ်ပြီး အမျိုးသား လွှတ်တော် အတွက် မဲပေးခွင့် ရှိသူ ၁၆၆၉၁၉၂ ဦး၊ မဲရုံ ၂၁၀၃ ရုံနှင့် မဲရုံအဖွဲ့ဝင် ၂၀၂၉၀ ဦးဖြင့် ကျင်းပသွားမည်ဖြစ်သည်။
တိုင်းဒေသကြီး လွှတ်တော် လစ်လပ် နေရာ အတွက် ခရိုင်၂ ခု၊ မြို့နယ် နှစ်မြို့နယ်တွင် ကျင်းပမည် ဖြစ်ပြီး နိုင်ငံရေး ပါတီ ၃ ပါတီက ကိုယ်စားလှယ် ၆ ဦး ၀င်ရောက် အရွေးခံကြမည်ဖြစ်သည်။။
အဆိုပါ လွှတ်တော် ကိုယ်စားလှယ် လစ်လပ် နေရာ ၄၈ နေရာတွင် ပါဝင်သည့် ကချင် ပြည်နယ်ရှိ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် ၃ နေရာဖြစ်တဲ့ ဖားကန့်၊ ဗန်းမော်နဲ့ မိုးကောင်း ဒေသများတွင် လုံခြုံရေး အခြေအနေ အရ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပရန် အခြေအနေ မရှိသဖြင့် ကြားဖြတ် ရွေးကောက် ပွဲများကို ရွှေ့ဆိုင်းထားသည်။
ဥာဏ်ဥာဏ်(မြစ်မခ)
Labels:
သတင်း
Thursday, 29 March 2012
အသုံးမလိုပိုလျှံနေသောလျှပ်စစ်မီးများအလှည့်ကျပေးတော့မည်
မြန်မာနိုင်ငံတွင်ပိုလျှံနေ၍နိုင်ငံရပ်ခြားသို့ ရောင်းစားနေရသောမီးကို
ယခုလာမဲ့ ဧပြီလ(၂)ရက်နေ့ မှစတင်၍အလှည့်ကျစနစ်နဲ့ ပေးသွားမှာ
ဖြစ်ပါကြောင်းသိရပါသည်။ယခင်နှစ်များအတိုင်းအုပ်စုသုံးစုခွဲကာပေး
သွားမှာဖြစ်သည်။
မီးဖြတ်တောက်ချိန်တစ်ရက်လျှင်၎ကြိမ်ဖြစ်ပြီးမနက်၅နာရီမှနေ့ လည်
၁၁နာရီ၊နေ့ လည်၁၁နာရီမှညနေ၅နာရီ၊ညနေ၅နာရီမှည၁၁နာရီ၊ည
၁၁နာရီမှမနက်၅နာရီဟုသတ်မှတ်ထားပါသည်။ယခင်ပုံစံအတိုင်းအ
လှည့်ကျစနစ်နဲ့ ပေးသွားမှာဖြစ်ပါကြောင်း။
Labels:
သတင်း
Wednesday, 28 March 2012
ဒုတိယအချိန်ကြာဆုံးမီးလောင်မှု သီလ၀ါစက်မှု့ ဆိပ်ကမ်း၌ဖြစ်ပွား
မင်္ဂလာဈေးပြီးနောက်ရန်ကုန်မြို့ ဧ။်ဒုတိယမြောက်အချိန်အကြာဆုံး
မီးလောင်မှု့ အဖြစ်မတ်လ၂၆ရက်နေ့ နေ့ လယ်ပိုင်းကကျောက်တန်း
မြို့ နယ်သီလ၀ါဆိပ်ကမ်းတွင်ဖြစ်ပွားခဲ့ ကြောင်းမီးသတ်ဦးစီးဌာနမှ
လက်ထောက်ညွှန်ကြားရေးမှုးတစ်ဦးကပြောသည်။
ထိုမီးလောင်မှု့ မှာ၎င်းနေ့ မွန်းလွဲ၂နာရီခွဲခန့် အချိန်၌သီလ၀ါစက်မှု့ 
ဆိပ်ကမ်းဝင်းအတွင်းရှိကျွန်းသစ်များထားရှိရာနေရာမှစတင်လောင်
ကျွမ်းခဲ့ ခြင်းဖြစ်သည်။
မီးစလောင်တာကMITT၀င်းရဲ့ အရှေ့ တောင်ဘက်ကကိုင်းတောထဲ
ကိုလမ်းသွားလမ်းလာတစ်ဦးကဆေးလိပ်တိုမီးပစ်ချခဲ့ တယ်။
အဲကနေဘေးမှာရှိတဲ့ ကိုင်းတောကိုမီးကူးသွားတယ်။ကိုင်းတောကနေ
သစ်လုံးပုံနဲ့ ကျော်မီးသွေးပုံတွေကိုမီးဆက်ကူးသွားပြီးမီးလောင်မှုကြီး
သွားတာပါ။ဒီမီးလောင်မှု့ ကိုမတ်လ၂၆ရက်နေ့ မွန်ဒလွဲ၂နာရီမိနစ်
၄၀မှစပြီးငြိမ်းသတ်ခဲ့ ရာမတ်လ၂၇ရက်နေ့ မနက်၆နာရီမှလံးဝမီး
ငြိမ်းခဲ့ ပါသည်။ရန်ကုန်မြို့ မှာဆယ်နှစ်တာကာလအတွင်းမင်္ဂလာဈေး
ပြီးရင်ယခုမီးကဒုတိယအချိန်အကြာဆုံးမီးငြိမ်းသတ်ခဲ့ ရခြင်းဖြစ်သည်။
ထိုမီးလောင်မှု့ ကြောင့်သီလ၀ါစက်မှု့ ဆိပ်ကမ်းအတွင်းပုံထားသော
သစ်လုံးတန်ချိန်သုံးသောင်းခန့် အနက်မှကျွန်းသစ်တန်ချိန်သုံးထောင်
နှင့်အခြားသစ်မာတန်ချိန်လေးထောင်တို့ မီးလောင်ပျက်စီးခဲ့ သည့်
အပြင်ကျောက်မီးသွေးပုံပါမီးလောင်ပျက်စီးခဲ့ ကာဒေါ်လာ၅သန်းခန့် 
ဆုံးရှုံးခဲ့ သည်ဟုမီးသတ်ဦးစီးဌာနဧ။်ထုတ်ပြန်ချက်အရသိရသည်။
ပေါ်ပြူလာမှဖော်ပြသည်။

Subscribe to:
Comments (Atom)